လူမှုဝန်ထမ်း၊
 ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ 
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ (၂၉-၃-၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မုဒုံမြို့နယ်၊မြို့မ(၁)ရပ်ကွက်နှင့် (၃၀-၃-၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မုဒုံမြို့နယ်၊မြို့မ(၂)ရပ်ကွက်တို့တွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ပြည်သူများ သိရှိစေရန် အသံချဲ့စက်များဖြင့် အသိပေးဆောင်ရွက်ခဲ့ပါသည်။ 
Source: DDM
 
            
          

 
                   
                   
                   
                    
 
                      
