ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၃) ရက်နေ့၊(၀၉:၃၀)အချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အမှတ်-၂၀ (ယောက်သွအင်း) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၀၀)ဦးတို့အားလည်းကောင်း၊ (၁၃:၀၀)အချိန်မှ (၁၄:၃၀)နာရီ အချိန်ထိ အမှတ်-၁၄၀(လက်ပံခါးလှ)စာသင်ကျောင်းတွင် ကျောင်းသား/သူ(၆၀)ဦးတို့အားလည်းကောင်း စုစုပေါင်း ကျောင်းသား/သူ (၁၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောလ်ပင်၊ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR