ဝန်ဆောင်မှုလုပ်ငန်း

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် COVID_19 စီးပွားရေးကုစားမှု အစီအစဉ်(Covid-19 Economic Relief Plan)၏ ပန်းတိုင်း (၄.၁.၂) (ဂ)အရ COVID-19 ကာလ  လူမှုစီးပွားဘဝစိန်ခေါ်မှုများအား ရင်ဆိုင်နေကြ ရသည့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ထိခိုက်လွယ်အုပ်စုများအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ အစီအစဉ် (၄) ခုကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ ထိုအစီအစဉ်(၄)ခုမှာ- ‌ 

(က) နေရပ်စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ထောက်ပံ့ခြင်းအစီအစဉ်

(ခ) MCCT အကျိုးခံစားသူများအား ထပ်ဆောင်းတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်

 (ဂ) တိုင်းဒေသကြီး/ပြည်နယ်(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်း (ငွေဗိုက်)အစီ အစဉ်

 (ဃ) အသက် (၈၀)နှစ်နှင့်(၈၅)နှစ်အကြား သက်ကြီးရွယ်အိုများထောက်ပံ့ခြင်း အစီအစဉ်

တို့ဖြစ်ပါသည်။

(က) နေရပ်စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင် များအား ထောက်ပံ့ခြင်းအစီအစဉ်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နေရပ်စွန့်ခွာသူများနေထိုင်ရာ IDP စခန်းများရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအား တစ်ဦးလျှင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့် ကချင်ပြည်နယ်တွင် အကျိုးခံစားခွင့်ရှိသူ (၂,၃၅၀)ဦး အတွက် ကျပ်(၇၀.၅၀၀)သန်းနှင့် ရှမ်းပြည်နယ်တွင် အကျိုးခံစားခွင့်ရှိသူ (၄၀၅) ဦးအတွက် ကျပ် (၁၂.၁၅၀) သန်း၊ စုစုပေါင်း ကျပ်(၈၂.၆၅၀) သန်းအား  နိုင်ငံတော်ရန်ပုံငွေမှ ၂၀၂၀ခုနှစ်၊ ဇူလိုင်အတွင်းတစ်ကြိမ် ထောက်ပံ့ခဲ့ပါသည်။

(ခ) MCCT အကျိုးခံစားသူများအား ထပ်ဆောင်းတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်

  လူမှုဝန်ထမ်းဦးစီးဌာနသည် COVID_19 စီးပွားရေးကုစားမှု အစီအစဉ်(Covid-19 Economic Relief Plan)အရ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငွေကြေး ထောက်ပံ့ရေးအစီအစဉ်များတွင် ထပ်ဆောင်းထောက်ပံ့ခြင်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့(Livelihoods and Food Security Fund) ဖြင့်ပူးပေါင်း၍ ကူးစက်ရောဂါကာလအတွင်း အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ကိုယ်ခံစွမ်းအား(သို့) ခန္ဓာကိုယ်အတွက် ရောဂါကာကွယ်နိုင်စွမ်း မြင့်မားစေရေးအတွက် လိုအပ်သည့်အစာအာဟာရများ နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ ပိုမိုဝယ်ယူနိုင်ရေး (၁)ဦးလျှင်(၃၀,၀၀၀/-)ကျပ် နှုန်းဖြင့် အချက်အလက်ရှိပြီးဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်နေသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း (၂၃၈၄၁၂)ဦးအတွက် (၇၁၅၂.၃၆) ကျပ်သန်းအား ၂၀၂၀ခုနှစ်၊ ဇူလိုင်လတွင် ထပ်ဆောင်း (၁)ကြိမ် ထောက်ပံ့ခဲ့ပါသည်။ 

(ဂ) တိုင်းဒေသကြီး/ပြည်နယ်(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်း (ငွေဗိုက်) အစီ အစဉ်

ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် ဆောင်ရွက်ထားခြင်း မရှိသေးသော ပြည်နယ်နှင့် တိုင်းဒေသကြီး (၉)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ ကိုယ်ဝန်ဆောင်မိခင်များကို Covid-19ကာလအတွင်း တစ်ကြိမ်တည်းထောက်ပံ့မှုအနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ လျက်ရှိပါသည်။ 

ဤအစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ပေး သည့် အစီအစဉ်များ၏ လုပ်ငန်းအကောင်အထည်မှုနည်းလမ်းများနှင့် မတူညီဘဲ COVID-19 ကာလနှင့်ကိုက်ညီစွာ နည်းပညာအခြေပြု လုပ်ငန်းအကောင်အထည်ဖော်မှုပုံစံကို အသုံးပြုထား သည်ဖြစ်ရာ သတင်းအချက်အလက် ပိုမိုတိကျခိုင်မာမှု၊ ထိရောက်မြန်ဆန်မှုရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍ၊ အခြားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအခြေပြု အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သော ငွေကြေးထောက်ပံ့မှုပုံစံကို အသုံးပြုထားပါသည်။

  အဆိုပါ အစီအစဉ်အရ စာရင်းသွင်းခြင်းလုပ်ငန်းများကို ကိုယ်ဝန်ဆောင်ကိုယ်တိုင်မှ ငွေဗိုက် Applicationမှတဆင့် စာရင်းသွင်းခြင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့(၂၀)တို့မှ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်း၍ ငွေဗိုက်Mobile Application မှတဆင့် စာရင်းသွင်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးများမှတဆင့် စာရင်းသွင်းခြင်းလုပ်ငန်းများကို ၂၀၂၀ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ စာရင်းသွင်း ဆောင်ရွက်ခဲ့ပြီး စာရင်းသွင်း အောင်မြင်အတည်ပြုပြီးဖြစ်သော အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း(၂၇၁,၄၇၀)ဦးအတွက် (၈၁၄၃.၈၀၀)ကျပ်သန်းအား ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နောက်ပိုင်းမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ် ၊ KBZ Pay၊ AYA Pay၊ Wave Money (Digital Money)နှင့် အသေးစားငွေရေးကြေးရေးအဖွဲ့ (MFI)များမှတဆင့် ထောက်ပံ့ပေးလျက်ရှိပါသည်။

(ဃ) အသက် (၈၀)နှစ်နှင့်(၈၅)နှစ်အကြား သက်ကြီးရွယ်အိုများထောက်ပံ့ခြင်း အစီအစဉ် 

အသက် (၈၀)နှစ်တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်း မပြည့်သေးသည့် သာသနာ့ဝန်ထမ်းများအပါအဝင် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် ကျပ် ၃၀၀၀၀/-နှုန်းဖြင့် တစ်ကြိမ် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူ (၂၉၂,၇၀၂)ဦး အတွက်ထောက်ပံ့ကြေးငွေ(၈,၇၈၁.၀၆၀/-)ကျပ်သန်းအား ထောက်ပံ့လျက်ရှိပါသည်။










အသေးစားငွေကြေးထောက်ပံ့ရေးလုပ်ငန်းအဖွဲ့အစည်းများမှ တစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာန၏ COVID-19 ကာလ ကိုယ်ဝန်ဆောင် ထောက်ပံကြေး(Ngwe Bike ထောက်ပံ့ကြေး)အား ထောက်ပံ့ပေးနေစဉ်


MOS

DSW

DDM

DOR