ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ(3rdASEAN Women Leaders’ Summit)အား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံမှအာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် Focal Pointဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံ အမျိုးသမီးကော်မတီ(ACW) Focal Pointနှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင် ကဏ္ဍ(AWPR)အဖွဲ့ဝင်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများက Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ H.E Sonexay Siphandoneနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစီအစဉ်အရ တတိယအကြိမ်မြောက်အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “Strengthening Care Economy and Resilience Towards ASEAN Community Post-2025နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များမှ Panelist  များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့်အမြင်များအား အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ အဆိုပါ Plenary Session တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအနေဖြင့်ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးများအပေါ် အလေးထားတန်ဖိုးထားမှုဓလေ့များသည် လူမှုအဖွဲ့အစည်းအတွင်းအမြစ်တွယ်လျက်ရှိပြီး အိမ်ထောင်စုများအလိုက် ပြုစုစောင့်ရှောက်မှုပေးသူ အမျိုးသမီးများကို အသိအမှတ်ပြုထောက်ပံ့ကူညီပေးလျက်ရှိပါကြောင်း၊ အာဆီယံလူမှုကာကွယ်စောင့်ရှောက်ရေးခိုင်မာအားကောင်းစေရေးကြေငြာစာတမ်း၊ အာဆီယံလူမှုစီးပွားဘဝစောင့်ရှောက်အကာအကွယ်ပေးရေးဆိုင်ရာမူဘောင်တို့နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ချမှတ်ဖော်ဆောင်ခဲ့ပြီး အဆိုပါအစီစဉ်၏ လုပ်ငန်းနယ်ပယ်(၈)ခုအနက်ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်နှင့်အောက်ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အကျိုးခံစားခွင့်ရှိသူ(၂၉၀,၀၀၀)ဦးအား စုစုပေါင်းကျပ်ဘီလီယံသန်းပေါင်း(၁၄)ဘီလီယံထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကျိုးခံစားခွင့်ရှိသူ(၁၆၀,၀၀၀)ဦးအားစုစုပေါင်းကျပ်ဘီလီယံသန်းပေါင်း(၁၆)ဘီလီယံထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ထို့အပြင်ဝန်ကြီးဌာနအနေဖြင့် သက်ကြီးသူများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ထားရှိပေးပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းများပြုလုပ်ပေးခြင်း၊ သက်ကြီးသူများဖြင့်ပါဝင်စုဖွဲ့ထူထောင်ထားရှိသည့်အဖွဲ့များသို့ နှစ်စဉ်ငွေကြေးထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ၂၄ နာရီ ဖုန်းခေါ်ဆိုမှုဝန်ဆောင်မှုကို ၂၀၁၆ခုနှစ်မှ စတင်ခဲ့ပြီးသတင်းပေးပို့တိုင်ကြားလာသူများအား လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ထို့အပြင်ကလေးသူငယ်များအတွက်အနာဂတ်သင်ယူမှုနှင့် ဘဝသာယာရေးတို့အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ချမှတ်နိုင်စေရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး(ECCD)လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်း(၂၇၀၀)ကျောင်းနှင့်မိခင်ဝိုင်း(၅၃၅)ဝိုင်းတို့ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကလေးသူငယ်များကိုယ်တိုင် အခွင့်အရေးများကိုသိရှိနားလည်စေရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအစီအစဉ်များကိုလည်းဆောင်ရွက်လျက်ရှိပြီး  သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသများမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရပ်ရွာလူထုကို ဝန်ဆောင်မှုပေးနေသူများအား ပံ့ပိုးပေးနိုင်ရန်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒကိုရေးဆွဲလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက်လည်း မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကိုရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြုစုစောင့်ရှောက်သူများကို ဂုဏ်ပြုခြင်းနှင့် မြှင့်တင်ပေးခြင်းစသည့် အခြေခံအချက်များကိုအတူတကွဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသ အတွင်းရှိ အမျိုးသမီးများ၊ ပြုစုစောင့်ရှောက်သူများနှင့် မိသားစုများအတွက် ကူညီထောက်ပံ့မှုများရရှိစေမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် လာအိုနိုင်ငံဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  ညီလာခံအား (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အာဆီယံနိုင်ငံများမှ လူမှုစီးပွားဘဝစောင့်ရှောက်ကာကွယ်ပေးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများအား Care Economy Award ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ Care Economy Award ဆုအားရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR