ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၂၉-၁-၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းက လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ -၂၀၂၄) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို ၂၀၁၆ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင်အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မိတ်ဆက်ဖြန့်ချိခြင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကြောင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုလို မူဝါဒများ၊ မဟာဗျူဟာများ စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

  • နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြီးခဲ့သည့် ငါးနှစ်တာကာလတွင် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့်လူငယ်ရေးရာကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းလျက်ရှိကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေးခြင်း၊ ဌာနကသတ်မှတ်ရန်ပုံငွေများ ခွဲဝေပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊
  • လူငယ်ရေးရာမူဝါဒရေးဆွဲပြီးစဉ်ကပင် လူငယ်များဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များက လူငယ်ကဏ္ဍဖွံ့ဖြိုးရေးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် အစည်းအဝေးကလည်း မဟာဗျူဟာအပေါ် ကနဦးဆောင်ရွက်မှု အနေဖြင့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍကို ရွေးချယ်ခဲ့ပြီး U - Report တွင် ထည့်သွင်းခြင်းနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများခွဲဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် ဒေသများအနေဖြင့်လည်း အစီရင်ခံတင်ပြခြင်းကို စနစ်တကျ ဆောင်ရွက်ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊
  •  ထို့အပြင် မဟာဗျူဟာစီမံချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များက ကုန်ကျစရိတ်တွက်ချက်ထားသော စီမံချက် များကို ဒေသလိုအပ်ချက်များအပေါ်မူတည်ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပူးပေါင်းမှုများရရှိနိုင်ရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
  • သို့ဖြစ်ပါ၍ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လူငယ်ရေးရာမူဝါဒပါ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် အခြားသောဘေးဖြစ်စေတတ်သည့်အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့်ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲမှုနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး၊ ကျား၊မတန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး အစရှိသည့် ကဏ္ဍ(၁၆)ရပ်ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊
  •  လူငယ်များအတွက် အရေးကြီး ကဏ္ဍဖြစ်သည့် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁ -၂၀၃၀) ကို ပညာရေးဝန်ကြီးဌာနက ချမှတ်ရေးဆွဲလျက်ရှိရာ လူငယ်များပါဝင်နိုင်မည့် အခွင့်အလမ်း များကို ထည့်သွင်းရေးဆွဲထားရှိပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့ မည်ဖြစ်ကြောင်း၊
  • မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးများမှုကို တိုင်းတာရန်အတွက် ကဏ္ဍတစ်ခုချင်းစီအလိုက် မဟာဗျူဟာခွဲများချမှတ်ထားပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ ဆောင်ရွက်ချက်များ၊ ဆောင်ရွက်မည့်အဆင့်၊ အဓိကနှင့် ပံ့ပိုးရန်တာဝန်ရှိသူများ၊ အချိန်ကာလ သတ်မှတ်ချက်နှင့် ဆန်းစစ်အညွှန်းကိန်းများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊      ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်မှုအခြေအနေများကို စုစည်းပေါင်းစပ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ (၆)လတစ်ကြိမ် အစီရင်ခံတင်ပြခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း တို့ကို ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊
  • COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ယခုအခါ COVID-19 ရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပြီး တစ်နိုင်ငံလုံးအနှံ့ ဆက်လက်ထိုးနှံပေးမည် ဖြစ်သောကြောင့် လူငယ်ထုအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် COVID-19  ကာကွယ်ဆေး ထိုးပြီးချိန်အထိ စောင့်ဆိုင်းနေ၍လည်း မရကြောင်း၊ မဟာဗျူဟာပါ စီမံချက်များ အကောင်အထည် ဖော်ရေးကို COVID-19  ကာလသတ်မှတ်စည်းကမ်းများနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ 
  • နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေသည့် အချိန်အခါဖြစ်၍ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လူငယ်များ၏အင်အားသည် အရေးပါကြောင်း၊ လူငယ်တိုင်းရင်းသားများအားလုံးသည် မိမိတို့လူမျိုးအလိုက် မျိုးချစ်စိတ်များထားရှိသည့်အပြင် အားလုံးစုစည်းညီညွတ်သော တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော “ပြည်ထောင်စုစိတ်ဓါတ်” ဖြင့် လူငယ်များ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ 
  • အရည်အသွေးပြည့်ဝ၍ စွမ်းရည်ထက်မြက်သော လူငယ်များဖြစ်ရုံသာမက နိုင်ငံကိုချစ်မြတ်နိုးသော နိုင်ငံချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်အတွက်လည်း လူငယ်များက မိမိတို့ကိုယ်တိုင်စွမ်းရည်များဖြည့်ဆည်းထားရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ဥပဒေများကို လေ့လာသိရှိဖို့နှင့် ဥပဒေနှင့်အညီ လေးစားလိုက်နာ နေထိုင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုနှင့် အတူ လိုအပ်သည့်ဆွေးနွေးညှိနှိုင်းမှုများ၊ လုပ်ငန်းစီမံချက်များတွင် ဘဏ္ဍာငွေထည့်သွင်းလျာထား မှုများကို ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သက်ဆိုင်ရာ အစိုးရဌာနများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လူငယ်များ၏အခွင့်အရေးများကို အပြည့်အဝ ရရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်အတွင်း ဦးစားပေး ဆောင်ရွက် မည့် ကဏ္ဍ(၆)ရပ်နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများ၊ သတ်မှတ်အချိန်ကာလတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်(မူကြမ်း)ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်အသီးသီးက အချိန်ကာလသတ်မှတ်၍ ဆောင်ရွက်လိုသော လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးခြင်းနှင့် လိုအပ် သော ခရိုင်နှင့်မြို့နယ်လူငယ်ရေးရာကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ လူငယ်စင်တာများ အတွက် မြေနေရာ ရရှိရေး၊ ဌာနဆိုင်ရာများနှင့် ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များ ခွဲခြား ဆောင်ရွက်ရေး၊ လူငယ်ရေးရာကော်မတီများ၏လုပ်ငန်းဆိုင်ရာ အသုံးစရိတ်ရန်ပုံငွေများ ရရှိရေး၊  COVID -19 ကာလ၌ အွန်လိုင်းအစည်းအဝေးများကျင်းပရာတွင် ကြိုတင်ပြင်ဆင်မှုဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။ 

    အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ် များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR