ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ငွေကျပ်(၆၀)သိန်း (၃)သောင်း၊ Royal Shambella Co,Ltd မှ ငွေကျပ်(၁၀၀)သိန်း၊ စုစုပေါင်းငွေကျပ် (၁၆၀)သိန်း(၃) သောင်းပေးအပ်လှူဒါန်းခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့တက်ရောက်ခြင်း၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်နှင့်လူမှုရေးပင်စင်အစီအစဉ် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်း ဆောက်လုပ်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများထောက်ပံ့ကြေးထုတ်ယူနေမှုများအားကြည့်ရှုအားပေးခြင်းနှင့်လူမှုဝန်ထမ်းလုပ်ငန်းရပ်များကြည့်ရှုူစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံ‌ရေးထူထောင်မှု (၇၇) နှစ်မြောက် အထိမ်းအမှတ်ဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR