ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

               လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အမှာစကားပြောကြားရာတွင် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်နည်းပညာကို အသုံးပြုပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းသည် ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြု၍ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်တိကျခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူး များ ရရှိနိုင်ပါကြောင်း၊ နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လူသားအရင်းအမြစ်အား လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းမှာ အရေးကြီးပါကြောင်းနှင့် မူလရေးဆွဲထားသောအစီအစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ်များ တည်ဆောက်အသုံးပြုမှုနှင့်ပတ်သက်၍ နိုင်ငံတကာဥပမာများနှင့် နမူနာယူ ဆောင်ရွက်သင့်သည်များအား ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးတို့က စနစ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေအနေများ၊ SMS စနစ်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုနိုင်ရေး ရည်မှန်းကြိုးပမ်းလျက်ရှိသည့် အခြေအနေများနှင့် စနစ်တည်ဆောက်ပြီးစီးပါက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအား အကောင်အထည်ဖော်ရာနှင့် ကလေးသူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဖြစ်ရပ်များအား စီမံခန့်ခွဲရာ၌ ပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက်လာနိုင်မည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခြားတက်ရောက်လာသည့်ဌာနတွင်း တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR