ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး 

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang Hwa နှင့် (22-1-2021)ရက်နေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါ သည်။ 

ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လူမှုသဟဇာတဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများ ရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေး အပ်ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရမှတဆင့် သက်ဆိုင်သူများထံသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာန အနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများနှင့် မိုင်းအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊

 KOICA အနေဖြင့်လည်း အခြားမဲခေါင်ဒေသနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား နိုင်ငံများတွင် မိုင်းအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီများ မြောက်များစွာ ပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင် လည်း မိုင်းအန္တရာယ်ဆိုင်ရာလုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့(ICRC) စသည့်နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုများနှင့် ပိုမိုပူးပေါင်းကူညီရန်အစီအစဉ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး တို့မှကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊

 ထိုအစီရင်ခံစာပါ လုပ်ငန်းများအကောင်အထည် ဖော်ရာတွင်  အာဆီယံ-ကိုရီးယားရန်ပုံငွေ မှတဆင့် FM ရေဒီယိုများ ဖြန့်ဝေပေးခြင်းဆိုင်ရာ စီမံချက် တစ်ခုကို ငွေကြေးထောက်ပံ့ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးနှင့်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် လူမှုသဟဇာတမျှတရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  KOICA တို့နှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ စသည်တို့နှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူး များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

MOS

DSW

DDM

DOR