ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက်ထားသည့် ကလေးသူငယ် (၁၃)ဦး၊ ကျား (၈) ဦး၊ မ(၅)ဦးတို့အား စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိစေရေးအတွက် နေပြည်တော်ကလေးပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိခဲ့ရာ အဆိုပါကလေးသူငယ်(၁၃)ဦးသည် (၂.၆.၂၀၂၃)ရက်နေ့တွင် ပြုစုသူဆရာမ (၃)ဦးလိုက်ပါ၍ စစ်တွေမြို့မှ နေပြည်တော်သို့ မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ (၀၆:၁၀)နာရီတွင် ဆိုက်ရောက်ခဲ့ပါသည်။

အဆိုပါပြောင်းရွှေ့ရောက်ရှိလာသည့် ကလေးငယ်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်၍ နေပြည်တော်ကလေးပြုစုရေးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၎င်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် နေပြည်တော်ကလေးပြုစုရေးဌာနသို့ သွားရောက်ကာ အဆိုပါ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်၍ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ပြီး စနစ်တကျ နေရာချထားပေးခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR