ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့(၁၈-၁-၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr.Dan Chugg အား Zoom Meeting ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် COVID-19 ဆိုင်ရာကာကွယ်၊ တားဆီး၊ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အဆိုပါထိခိုက်လွယ် အုပ်စုများအတွက် လိုအပ်သော လူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများဆောင်ရွက် ပေးနေမှုများ၊ COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများသည် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သဖြင့် ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ များနှင့်လုပ်ငန်းစဉ်များတွင် COVID-19 ဆိုင်ရာအစီအမံများကိုထည့်သွင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ COVID-19 လုပ်ငန်းများတွင်စေတနာ့ဝန်ထမ်းလုပ်အားပေးများက အားတက် သရောပါဝင်ကူညီဆောင်ရွက်နေမှုများနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းများကို COVID-19  အတွက် သာမက လူမှုရေးလုပ်ငန်းများ၊ သဘာဝဘေးတုံ့ပြန်မှုလုပ်ငန်းများစသည်တို့တွင်ပါ ကျေးရွာအဆင့်မှ အစပြု၍ ပိုမိုထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆက်လက်၍ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေ ရာချထားရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာ ဗျူဟာနှင့်အညီ COVID-19 ကာလအတွင်းဆက်လက်ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာ ဗဟို ကော်မတီ၊ ပြည်နယ်အဆင့် ကော်မတီများနှင့် စခန်းအလိုက်ကော်မတီများ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များအတွက် ပြည်သူလူထုနှင့်ညှိနှိုင်း ဆွေးနွေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရှာဖွေဖော်ထုတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ဝန်ဆောင်မှုများလက်လှမ်းမီ စေရေးဆောင်ရွက်ခြင်း၊ လမ်း၊ တံတားနှင့်လျှပ်စစ်မီး စသည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းစသည်တို့ကို ဆောင်ရွက်နေမှုများ၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံဘက်မှ ဆက်လက်ပြင်ဆင်ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ကြပြီးဗြိတိန်နိုင်ငံသံရုံးဘက်မှသိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR