လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အစိုးရမဟုတ်သော အဖွဲ့အစည်း(၃၆)ဖွဲ့ဖြင့် နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ၊ စီမံချက်သဘောတူညီချက်များအား လက်မှတ်ရေးထိုး၍ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် Latter-Day Saint Charities (LDSC)အဖွဲ့မှ Asia Area Director ဖြစ်သူ Mr. Mickey Lui နှင့် Community Development Association (CDA)အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေါက်တာခင်မောင်ဝင်းတို့သည် သဘောတူညီမှုစာလွှာအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ သဘောတူညီမှုစာလွှာတွင်  လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်ဖြစ်သော မသန်စွမ်း သူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွင် အားဖြည့်ဆောင်ရွက်နိုင်မည့် မသန်စွမ်းသူများအတွက် သွားလာလှုပ်ရှား လွယ်ကူစေသည့် ကိရိယာများ ထောက်ပံ့ပေးခြင်း၊ ရပ်ရွာအတွင်း သောက်ရေသန့်ရရှိရေးအတွက် ရေသန့်စင်ခြင်းစနစ်များ၊ ရေတွင်းတူးဖော်ခြင်းနှင့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရန်အတွက် အင်္ဂလိပ်ဘာသာရပ်အား သင်ကြားပေးခြင်း လုပ်ငန်းများအား  စီမံချက်ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ (၀.၉၅)သန်းဖြင့် လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သဘောတူညီမှုစာလွှာ ရေးထိုးဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းသူများ၊ စီမံချက်ဧရိယာရှိ ပြည်သူလူထုများအတွက် သောက်သုံးရေရရှိရေးနှင့် နိုင်ငံဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာမည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါသည်။  

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR