ရွှေ့ပြောင်းသွားလာခြင်း၏ ကလေးသူငယ်များအပေါ် အကျိုးသက်ရောက်မှုစီမံကိန်း (Project on Protecting Children Affected by Migration in Myanmar) အကြံပေးကော်မတီ (National Project Advisory Committee-PAC)၏ (၈)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် Online Meeting ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် UNICEF Myanmar မှ Chief Child Protection ဖြစ်သူ Ms. Noriko Izumi တို့က အသီးသီးအဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်က “မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နည်းလည်မှုစာချွန်လွှာ” (Myanmar-Thailand MoU on Strengthening the Cooperation to Protect Children Affected by Migration)အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “မြန်မာ-ထိုင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံလုပ်ငန်းအစီအစဉ်” (Cross-Border Child Protection Standard Operating Procedures- SOPs ) (မူကြမ်း) ဆက်လက် ရေးဆွဲဖော်ထုတ်နိုင်ရေးအတွက် စီမံကိန်းအကြံပေးကော်မတီဝင်များ၊ နားလည်မှုစာချွန်လွှာ ရေးသားရေးနည်းပညာအကြံပေးအဖွဲ့ဝင်များနှင့် စံလုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာ အဖွဲ့ဝင်များပူးပေါင်း၍ UNICEF ၏ နည်းပညာအကူအညီဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စံလုပ်ငန်းအစီအစဉ်(မူကြမ်း)အပေါ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အပြီးသတ်အတည်ပြုနိုင်ရေး နှစ်နိုင်ငံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ရွှေ့ပြောင်းသွားလာခြင်းကြောင့် ထိခိုက်နစ်နာသည့်ကလေးသူငယ်များအား အကာအကွယ် ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ပထမအကြိမ် မြန်မာ-ထိုင်းအဆင့်မြင့်အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယအကြိမ် မြန်မာ-ထိုင်း အဆင့်မြင့်အစည်းအဝေး ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင်လည်းကောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် တတိယအကြိမ် မြန်မာ-ထိုင်း အဆင့်မြင့်အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လည်းကောင်း အသီးသီးကျင်းပခဲ့ရာ နှစ်နိုင်ငံကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်၍ နားလည်မှုစာချွန်လွှာအား ဆက်လက်အကောင်အထည် ဖော်နိုင်ရန်အတွက် အခန်းကဏ္ဍအလိုက် Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက နည်းလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးတွင် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ “မြန်မာ-ထိုင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံလုပ်ငန်းအစီအစဉ်” (Cross-Border Child Protection Standard Operating Procedures - SOPs ) (မူကြမ်း) ဆက်လက် ရေးဆွဲဖော်ထုတ်နိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နားလည်မှုစာချွန်လွှာ ရေးဆွဲဖော်ထုတ်ရေး နည်းပညာလုပ်ငန်း အဖွဲ့ဝင်ဌာနများဖြစ်သော ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်း လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR