လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၊ ပျဥ်းကတိုး ကုန်းကျေးရွာတွင် (၁၃-၃-၂၀၂၃) ရက်နေ့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်း ကျိုးကျပြီး လည်ပင်းသို့ရိုက်ခတ်သဖြင့် သတိလစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝ/-) ကျပ်အား (၁၅-၃-၂၀၂၃) ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိ သူများနှင့်အတူ မိသားစု၀င်များလက်၀ယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source:DDM