ကျား၊မရေးရာနှင့် Covid-19 Virtual အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း
လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့ ပူးပေါင်း၍ ကျား၊မရေးရာနှင့် Covid-19 Virtual အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် UN Women မှ Country Representative ဖြစ်သူ Mr. Nicolas Burniat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဦးစီးဌာန (၁၆) ခုမှ အရာထမ်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။


    လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိ COVID 19 ကပ်ရောဂါကြောင့် ကမ္ဘာနှင့်အဝှမ်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ထိခိုက်မှုများ ပိုမိုခံစား နေရပြီး ကျား၊မရေးရာ ကွာဟမှုများ ပိုမိုကြီးမားလာပါကြောင်း၊  တစ်ကမ္ဘာလုံးတွင် COVID 19 ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများအပေါ် ကျား၊မရေးရာရှု့ထောင့်များနှင့် ကဏ္ဍစုံတွင် ကျားမရေးရာထည့်သွင်းဆောင်ရွက်မှုများပါဝင်သော  ကာလတို စီမံကိန်း၊ ကာလရှည် စီမံကိန်း တို့ဖြင့် အကောင်အထည်ဖော်ကာ ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နေကြကြောင်း၊မြန်မာနိုင်ငံတွင်လည်း COVID 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ကို ရေးဆွဲပြီး အကောင်အထည်ဖော်လျက် ရှိသည့်အပြင် ထပ်မံရေးဆွဲနေသော မြန်မာနိုင်ငံ စီးပွားရေး ထိခိုက်မှု သက်သာရေးနှင့် ပြုပြင် ပြောင်းလဲရေး စီမံချက်(MERRP)  ကဲ့သို့သော အစိုးရ၏  စီးပွားရေးကုစားမှု စီမံချက်များလည်း ရှိနေပါကြောင်း၊ အဆိုပါစီမံချက်များတွင်  ကျား၊ မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်း‌ပကားမြှင့်တင်မှု (GEWE) ရှုထောင့်ကို ပေါင်းစပ်ဆောင်ရွက်ရန်  လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ် သည့် ကျား၊မရေးရာနှင့် Covid-19 အသိပညာပေးသင်တန်းများသည် COVID 19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အပေါ် ကဏ္ဍများအလိုက် ကျား၊ မရေးရာကို မည်သို့ထည့်သွင်း ဆောင်ရွက်  နိုင်သည်ကို  ပြည်ထောင်စု၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာအစိုးရ ဌာနများအပါအ၀င် ကျား၊ မရေးရာ တန်းတူညီမျှရေး လုပ်ငန်းယန္တရားတွင် ပါ၀င်ကြသော အဓိက ပါ၀င်ပတ်သက်သူများပိုမိုနားလည်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊Gender and COVID 19 အသိပညာပေး သင်ရိုးညွှန်းတမ်း (၅)ခုကို လူမှု၀န်ထမ်းဦးစီးဌာနနှင့် UNWomen အဖွဲ့တို့ ပူးပေါင်း ၍ ကျား၊ မ ရေးရာပညာရှင် အကူအညီဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှတဆင့် မိမိတို့ ဆောင်ရွက်နေေသာ COVID 19 နှင့် ဆက်စပ်သည့် စီမံချက်များတွင် ကျား၊မရေးရာကို ပိုမိုထည့်သွင်း ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
UN Women မှ Country Representative ဖြစ်သူ Mr. Nicolas Burniat က တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလျက်ရှိသည့် COVID 19 ကြောင့် ဖြစ်ပွားသည့် လူမှုစီးပွားထိခိုက်မှုများ သည် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုဆိုးဝါးစွာ ထိခိုက်သက်‌ရောက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဆောင်ရွက်နေသော လူမှုစီးပွားပြန်လည်ကုစားရေး အစီအစဉ်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဦးတည်ဆောင်ရွက်သော အစီအစဉ် များကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မူဝါဒချမှတ်သော အစီအစဉ်တွင် ပါဝင်ထည့်သွင်း စဉ်းစားရုံသာမက လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးက နိုင်ငံတော်အဆင့်သာမက ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအထိ ကပ်ရောဂါ အခြေအနေမှာ ကျား၊ မရေးရာအရ သက်ရောက်မှုများကို နားလည်သဘောပေါက်ပြီး ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Covid-19 ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့တွင် ကျား၊မရေးရာ သက်ရောက်မှုများကို နားလည် သဘောပေါက်စေရန်အတွက် Module (၅) ခုရေးဆွဲ၍ အသိပညာပေးသင်တန်းများ ပို့ချရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အသိပညာပေးသင်တန်းများကို (၁၂-၁-၂၀၂၁) ရက်နေ့တွင် ကဏ္ဍအသီးသီးမှာ Covid 19 နှင့် ကျား၊မရေးရာ သက်ရောက်မှုများကို သိရှိစေရန်အတွက် Module (၁) ဖြစ်သည့် ကျား၊မရေးရာနှင့် Covid 19 ကိုလည်းကောင်း၊ (၂၀-၁-၂၀၂၁) ရက်နေ့တွင် Covid 19ကြောင့် ကျန်းမာရေးကဏ္ဍအတွင်းရှိ အမျိုးသမီးများအပေါ်/ကျား၊မရေးရာအပေါ် သက်ရောက်မှုများကို သိရှိနိုင်ရန်အတွက် Module (၂) အားလည်းကောင်း၊ (၂၆-၁-၂၀၂၁) ရက်နေ့တွင် စီးပွားရေး ကဏ္ဍအတွင်း Covid 19 ကြောင့် ကျား၊မရေးရာ သက်ရောက်မှုများကို သိရှိရန်အတွက် Module (၃) အားလည်းကောင်း၊ (၂၉-၁-၂၀၂၁) ရက်နေ့တွင်  Covid 19 ကြောင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတမျှတရေးတွင် ကျား၊မ ရေးရာသက်ရောက်မှုများနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် Module (၄) အားလည်းကောင်း သင်တန်းပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် Module (၄) ခုကို စုစည်းထားသည့် Module (၅) အား ပြည်နယ်/တိုင်းဒေသကြီးများရှိ CSOs များနှင့် အမျိုးသမီးကော်မတီဝင်များအား ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR