ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ (၅.၉.၂၀၂၂) ရက်နေ့မှ (၂၅.၉.၂၀၂၂) ရက်နေ့အထိ သင်တန်းသူ(၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ကလေးပြုစုပျိုးထောင်ရေးစိတ်ပါဝင်စားသူများနှင့် မူကြိုဆရာမပြုလုပ်လိုသူများ တက်ရောက်ခဲ့ကြပါသည်။


၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွက် ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲ၊ ဖါးဆောင်း၊ မယ်စဲ့မြို့နယ်များမှ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အဘိုး (၁၇၈) ဦး၊ အဘွား (၂၈၀)ဦး၊ စုစုပေါင်း (၄၅၈) ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၃.၇၄)ကျပ်သန်းအား (၁၇.၉.၂၀၂၂) ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ‌ဆွေးနွေးပွဲ (Talk Show) ကို (၂၁.၉.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန ( ရန်ကုန် )၌ ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်(အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး) ရပ်ရွာအခြေပြု Ready to wear စက်ချုပ်သင်တန်းဖွင့်လှစ်

MOS

DSW

DDM

DOR