ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ (၅.၉.၂၀၂၂) ရက်နေ့မှ (၂၅.၉.၂၀၂၂) ရက်နေ့အထိ သင်တန်းသူ(၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ကလေးပြုစုပျိုးထောင်ရေးစိတ်ပါဝင်စားသူများနှင့် မူကြိုဆရာမပြုလုပ်လိုသူများ တက်ရောက်ခဲ့ကြပါသည်။


၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွက် ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲ၊ ဖါးဆောင်း၊ မယ်စဲ့မြို့နယ်များမှ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အဘိုး (၁၇၈) ဦး၊ အဘွား (၂၈၀)ဦး၊ စုစုပေါင်း (၄၅၈) ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၃.၇၄)ကျပ်သန်းအား (၁၇.၉.၂၀၂၂) ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ‌ဆွေးနွေးပွဲ (Talk Show) ကို (၂၁.၉.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့

MOS

DSW

DDM

DOR