စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁.၃.၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာအကြောင်းများကို အသီးသီးဆွေး နွေးပြောကြားပြီး ကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင်ကျင်းပပြုလုပ်သည့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းသို့တက်ရောက်အဖွင့်အမှာစကားပြောကြား၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးသင်တန်းကျောင်း များသို့သွား‌ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရန်ကုန်မြို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ မုန်တိုင်းအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲသို့သွားရောက်ကြည့်ရှုအားပေး

MOS

DSW

DDM

DOR