လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား (၂၆.၄.၂၀၂၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် Zoomမှတစ်ဆင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက် ခဲ့ပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှလူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် (၉၀)နှစ်နှင့်အထက် အဘိုး၊ အဘွားများကို တစ်ဦး တစ်လလျှင် (၁၀,၀၀၀)ကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်မှ စတင်၍ အသက်(၈၅)နှစ်နှင့် အထက်သို့ အသက်လျှော့ချ၍ ထောက်ပံ့ခဲ့ရာ မျှော်မှန်းသက်တမ်းတိုးမြင့်လာခြင်းကြောင့် လက်ရှိ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ဘိုးဘွားပေါင်း (၂၄၉,၂၄၁)ဦးအတွက် ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ သုံးစွဲ ထောက်ပံ့ နေရသည့်အတွက် အလေအလွင့်မရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုရေး ပင်စင်ထောက်ပံ့ခြင်း မှတ်တမ်းစာအုပ်များအား စာရင်းစစ်အစစ်‌ဆေးခံနိုင်ရေးအတွက် ပြင်ဆင် ထားရန်လိုပါကြောင်း၊ Social Pension Data Entry သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အမှန်တကယ် အကျိုးခံစားခွင့်ရှိသူများထံသို့ ရောက်ရှိနိုင်ရေးဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားရန် လိုပါကြောင်း၊  လူမှုဝန်ထမ်း လုပ်ငန်းရပ်များသည် ရပ်တန့်နေ၍မရသည့်အတွက် လစ်ဟာမှုမရှိ စေရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုရေးပင်စင် ဒုတိယသုံးလပတ်ထောက်ပံ့မှုအား ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လက်တလောအခြေအနေများအရ သက်မှတ်ကာလထက်နောက်ကျ နေရသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက အကျိုးခံစားခွင့်ရှိသူများ နားလည်အောင် ရှင်းလင်းပြောကြားပေးရန်လိုအပ် ကြောင်း၊ လူမှုဝန်ထမ်းဦးစီးမှူးများက မိမိတို့ ဆောင်ရွက်နေသည့် အခြေအနေများ၊ အခက်အခဲ များ ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR