မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် ( ၂၀-၄-၂၀၂၂ မှ ၁၃-၅-၂၀၂၂) အထိ ဖွင့်လှစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲ အခမ်းအနားကို (၁၃.၅.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) မှ ဒေါက်တာကေသီကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

    အဆိုပါ သင်တန်းသို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေးမှ ဆရာ/ဆရာမများ၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာမှဆရာမများ/နားမကြားသောကလေးများကျောင်း (ရန်ကုန်နှင့် ကြည့်မြင်တိုင်ကျောင်း၊ မူကြိုဆရာမများစုစုပေါင်း (၄၁) ဦး နှင့် လုပ်အားပေးအကူဆရာ (၂) ဦး စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် - 

- လူမှုဝန်ထမ်းလုပ်ငန်းကြီး ၇ ရပ် အပါအဝင် UNCRPD / မသန်စွမ်းသူနှင့် မသန်စွမ်းမှု အဓိပ္ပါယ်/မသန်စွမ်းဖြစ်ရခြင်းအကြောင်းအရင်းများ /အစာအာဟာရ/ ဉာဏ်ရည် မသန်စွမ်းကလေးများအကြောင်း/ECI /

- ဖွံ့ဖြိုးမှုနယ်ပယ် ၅ ရပ်/ထိ‌ရောက်သောလေ့ကျင့်သင်ကြားမှုများ (Physical/ Intellectual/ Language/ Emotional/ Social ) Skills များ

- Speech and Language Communication

- Fine motor skills and Gross motor skills

- Pre Reading and Pre Writing skills

- သိမှုဆိုင်ရာလေ့ကျင့်သင်ကြားခြင်းနှင့်အခြေခံသင်္ချာ/အခြေခံပန်းချီနှင့်လက်မှု

- တေးဂီတနှင့်လှုပ်ရှားခြင်း ( music and movement )

- များကိုစာတွေ့လက်တွေ့သင်ကြားခြင်းများအပြင်ကလေးစိတ်ပညာ/

- ကျောင်းများတွင်သဘာဝဘေးအရေးပေါ်ဖြစ်ပေါ်လာပါကကြိုတင်ကာကွယ်နိုင်ရန် ( မီးဘေးကာကွယ်ခြင်းမီးသတ်ဆေးဘူးအသုံးပြုခြင်း/ငလျင်ဖြစ်ပေါ်လာပါက ကလေးများနှင့်ဘေးလွတ်ရာရှောင်ရှားနိုင်ရန်)

- ရှေးဦးပြုစုနည်း / 

- အခြေခံကြသောမိမိကိုယ်တိုင်လုပ်ဆောင်နိုင်မှု/( Daily activities )

- Child Psychology and Stress

- Task analysis and Activity Analysis  စသည့် သင်ခန်းစာများပို့ချခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR