လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့တွင် ဦးစီးဌာန(၃)ခု ပူးပေါင်း၍( Quick _Win Projet)ဖြင့် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကတ္တလူ)တွင်  (၅.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်၌ ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦးအား ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ လိုက်နာရမည့်ကျင့်၀တ်၊ စည်းကမ်းများသိရှိလိုက်နာတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း၊ ဘောလ်ပင်များ၊ ဗလာစာအုပ်များ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR