လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ‌ဒေါက်တာသက်သက်ခိုင်အား အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက  အာဆီယံ၏တူညီဆန္ဒ(၅) ချက်အရ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီပေးအပ်မည့်အစီအစဉ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လူသားချင်းစာနာမှုအကူအညီပေးရေးကနဦးလိုအပ်ချက်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် (Preliminary Needs Assessment-PNA) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်ရန်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak နှင့်အဖွဲ့ကလည်း ကနဦးလိုအပ်ချက်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနဘက်မှ ပံ့ပိုးကူညီပေးစေလိုသည်များ၊ အာဆီယံမှတစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ပူးပေါင်းဆောင်ရွက်ရန်များ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းပံ့ပိုးနိုင်သည်များ၊ ကမ္ဘောဒီးယားနိုင်ငံ၏ အတွေ့အကြုံများ နှီးနှောဖလှယ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အာဆီယံဥက္ကဌအထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Kung Phoak နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR