လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံး ကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာနှင့် အထက်ပေကုန်းကျေးရွာ အုပ်စု၊ ရွာမကျေးရွာတို့တွင် (၂၆-၇-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းနေအိမ်(၂၆)လုံး၊ လူဦးရေ (၁၂၆) ဦးတို့အတွက် Mask (၂၅၂) ခု၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၆၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၄,၆၀ဝ/)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၆၄,၆ဝဝ/-)ကျပ်တို့အား(၂၆-၇-၂၀၂၂) ရက်နေ့၊  (၁၇:ဝဝ)နာရီအချိန်တွင် ရွှေလောင်းမြို့၊ အုပ်ချုပ် ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR