လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)စခန်း အခြေပြုပြန်လည် ထူထောင်ရေးသင်တန်း အမှတ်စဉ်(/၂၀၂၃)ကို (၇-၂-၂၀၂၄)ရက်နေ့၊ နံနက် () နာရီတွင် ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ် ခဲ့ရာ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က  ပြန်လည်ထူထောင်ရေးဦးစီး ဌာနအနေဖြင့် ၂၀၁၈ခုနှစ်မှ ယနေ့အထိ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၃၆)ကြိမ်၊ သင်တန်းသား(၆၀၀)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၆)ကြိမ်၊ သင်တန်းသား (၃၁၀)ဦးစုစုပေါင်းသင်တန်းသား(၉၁၀)ဦး ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်း ဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးသည့် ရပ်မိရပ်ဖများ၊ အဖွဲ့အစည်းများအားလုံးအား အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် မူးယစ်ဆေးဝါးပြဿနာကိုအားလုံးဝိုင်းဝန်းလက်တွဲပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးစွဲသူများအား ပုံမှန်လူမှုအသိုင်းအဝန်းအတွင်း ပြန်လည် ရောက်ရှိလာရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေသကဲ့သို့ သင်တန်းသားများအနေဖြင့် မူးယစ်နွံ ထဲမှ ရုန်းထွက်ပြီး အတိတ်ပုံရိပ်ဆိုးများအား သင်ပုန်းချေကာ အနာဂါတ် ခေါင်းဆောင်ကောင်းများ နေရာကို ပခုံးလွှဲတာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး စခန်းမန်နေဂျာမှ  သင်တန်းဆင်းလက်မှတ်နှင့်ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြင့်ခဲ့ ပါသည်။

                 အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများ၊ စုစုပေါင်း (၇၀)ဦး ခန့် တက်ရောက်ခဲ့ပြီး နံနက်(၁၀)နာရီတွင် ဆင်းပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR