ကျောက်တန်းမြို့နယ် COVID-19 ကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ်များ၊ Mask များနှင့် လက်သန့် ဆေးရည်များ ကူညီထောက်ပံ့
၁၆ ဇန်နဝါရီ ၂၀၂၁
၁၆
ဇန်နဝါရီ ၂၀၂၁
ကျောက်တန်းမြို့နယ်၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဌထံသို့ ဓါတ်ဆားထုပ် (၇,၀၀၀) ထုပ်၊ Mask
(၅၀)ခုပါ (၁၀၀)ဗူး၊ လက်သန့်ဆေးရည် (500 ml) ၅၀ ဘူးနှင့် (50ml) ၅၀ ဘူး၊ စုစုပေါင်း
(၁၀၀)ဘူးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများက (၁၅-၁-၂၀၂၁) ရက်နေ့တွင်
ကျောက်တန်းမြို့နယ်ရှိ Quarantine Center များအတွက် သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။
Source: EOC