လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ (ပေါက်ချောင်း၊ ကျောင်းတော်ကလေး၊ တောကျောင်း အထက်နှင့် နံဂါတ်ရိုး)ကျေးရွာတို့၌ (၁၉-၁၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၃,၉၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၂၃,၉၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၅)တောင့်တို့အား(၂၁-၁၁-၂၀၂၂) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာ၌ (၂၀-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၄,၇၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၁၄,၇၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ (၂)တောင့်တို့အား (၂၁-၁၁-၂၀၂၂)ရက်နေ့၊ (၁၅:၄၀)နာရီအချိန်တွင်လည်းကောင်း ပန်းတနော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ကမ်းပြို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR