လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်စု၊ ကော့ထော်ပိုင်းတွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်၌ ဂတ်စ်မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၉၄၀၀/-)ကျပ်တိတိနှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပလပ်စတစ်ပုံး(၃)လုံးနှင့် အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၂၂-၃-၂၀၂၃) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပငကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR