၂၇ ဇန်နဝါရီ ၂၀၂၁


၁။     (၂၆-၁-၂၀၂၁) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာ၊ မင်းကကြဲ ကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ ကထောင်းနီကျေးရွာ၊ နန်းတောင်ကျေးရွာ၊ မျှစ်ချဉ်စုကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်း၊ ဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့၍ လည်းကောင်း၊


၂။     ယင်းမာပင်မြို့နယ်၊ ညောင်ပင်ကြီးစုအရှေ့ကျေးရွာ၊ ညောင်ပင်ကြီးစုမြောက်ကျေးရွာ၊ ငါ့‌မောင်းကျေးရွာ၊ မကျီးမင်စုကျေးရွာ၊ မင်းကန်ကြီးကျေးရွာ၊ မင်းကန်တိုက်ကျေးရွာ၊ သီးကုန်း ကျေးရွာ၊ ပေပင်စုကျေးရွာ၊ ဈေးစုကျေးရွာများတွင် (၂၆-၁-၂၀၂၁) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့၍ လည်းကောင်း၊

၃။     စခန်းသစ်ကျွေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့၊ ဟိတဓရပရဟိတအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ (၂၆.၁.၂၀၂၁) နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာ၊ ဝါးအော်ကျေးရွာ၊ သဲတန်းကျေးရွာ၊ ပင်ပွားအော်ကျေးရွာတို့တွင် COVID-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော  အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မီးဘေးဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း အားဆောင်ရွက်ပြီး လက်ကမ်းစာစောင် နှင့် Mask ဝေငှခြင်းများဆောင်ရွက်ခဲ့၍လည်းကောင်း၊


၄။     (၂၆.၁.၂၀၂၁) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ဝမ်ချယ် ကျေးရွာ၊ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက် ကျေးရွာ၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန်းနောက်ကျေးရွာ၊ ချိကွဲ့ကျေးရွာ များရှိ ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက COVID - 19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့၍လည်းကောင်း၊


၅။     (၂၆-၁-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား လယ်ဝေးမြို့နယ်၊ ဝိသာခါ ပုဏ္ဏမီသီလရှင်စာသင်တိုက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေအင်ကြင်း ရပ်ကွက်၊ ဒက္ခဏသီရိရပ်ကွက်တို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ Hygiene kit(E)၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့၍ လည်းကောင်း၊


၆။     (၂၆-၁-၂၀၂၁) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထားဝယ်မြို့နယ်၊ သဗျာကျေးရွာနှင့် တောင်ပို့ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက် သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့၍လည်းကောင်း၊


၇။     (၂၇-၁-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၂:၀၀) အချိန်ထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းရှိ ရွှေရောင်ပြကျေးရွာ၊ အဝင်းကြီးကျေးရွာနှင့် မိကျောင်းအင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး အသိပညာပေးခြင်းလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့၍လည်းကောင်း၊


၈။     (၂၇-၁-၂၀၂၁) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ဖောင်းပြင်မြို့နယ်အတွင်းရှိ ပြည်သူ/ပြည်သားများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိနိုင်စေရန်အတွက် မြို့မဈေးအနီး ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံတွင် (၉x၆)ပေ မီးဘေးအသိပညာပေး ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့၍လည်းကောင်း၊


၉။     (၂၇-၁-၂၀၂၁) ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ လေယာဉ်ကွင်းရှေ့၌ မီးဘေးအသိပညာပေး (၉x၆) ပေ ဗီနိုင်း ဆိုင်းဘုတ်ကို စိုက်ထူခြင်း များဆောင်ရွက်ခဲ့ပါသည်။


Source: EOC

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR