လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊
တွံ့တေးမြို့နယ်၊ ပိတ်စွယ် အ.မ.က စာသင်ကျောင်းတွင် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနိုင်စေရန်အတွက်
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM