လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ တင်ထပ်ကျေးရွာ၌ (၁-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)အတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့​​ငွေ- (၅၀,၀၀၀/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ- (၁၆,၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၆,၈၀၀/-) ကျပ်နှင့် ကျိုင်းတုံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ (၄-၈-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ​​ဘေးသင့်အိမ်ခြေ(၁)လုံး (လုံးဝပျက်စီး)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ- (၂၀၀,၀၀၀/-)၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ(၄,၂၀၀/-)၊ သေဆုံးသူ(၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၅၀၄,၂၀၀/-) ကျပ်တို့အား (၄-၈-၂၀၂၂) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည

Source: DDM

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR