ဂန့်ဂေါမြို့၊ မင်းဘူးမြို့နှင့် မင်းလှမြို့များရှိ ပြည်သူများအတွက် Hand Sanitizer ဘူးများ ထောက်ပံ့ပေးမှု
၁၅ ဇန်နဝါရီ ၂၀၂၁
၁၅
ဇန်နဝါရီ ၂၀၂၁
ဂန့်ဂေါမြို့၊
ပါရမီရှင်နာရေးကူညီမှုအသင်းအတွက် (၁၅)ဘူး၊ မေတ္တာရောင်ခြည်လူမှုကူညီရေး အသင်းအတွက် (၁၀)ဘူး၊
စုစုပေါင်း(၂၅)ဘူးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
သတင်း ရရှိပါသည်။
မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ခရိုင်ဦးစီးမှူးရုံးနှင့် မင်းဘူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ ်ဦးစီးမှူးရုံးများသို့
Hand Sanitizer (500 ml) ပါဘူးများအား လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၁၅-၁-၂၀၂၁) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း
သတင်းရရှိပါသည်။
မင်းလှမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Hand
Sanitizer (500 ml) ပါ (၂၅) ဘူးအား လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၁၅-၁-၂၀၂၁) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း
သတင်းရရှိပါသည်။
Source: EOC