လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်အစီအစဉ်များ၊စီမံချက်များအားသက်ဆိုင်ရာလွှတ်တော်များ၊အစိုးရဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

             ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒေါက်တာ ဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာနနှင့် ဒေါ်ဇင်မာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ အာဆီယံငြိမ်းချမ်းရေး၊        မှတ်ပုံတင်အမျိုးသမီး ကိုယ်စားလှယ်ဆိုင်ရာ အစည်းအဝေး (ASEAN Women for Peace Registry) သို့တက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦး‌ဆောင်မှုဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂)အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကဏ္ဍစုံတွင် ကျား၊ မရေးရာထည့်သွင်း ဆောင် ရွက်ခြင်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊အမျိုးသမီးများအားနိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဆိုသည့် နည်းပညာလုပ်ငန်း အဖွဲ့(၄)ဖွဲ့အား ဖွဲ့စည်းထားရှိပြီး (NSPAW)၏ ကျန်ရှိသည့် (၃) နှစ်ကာလအတွက် operational plan (၂၀၂၀-၂၀၂၂) ကို ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)သည် သာယာဝပြော၍ ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ် ဖြစ်ပေါ်လာရေးကို ဉီးတည်ရည်မှန်းထားရှိရာ လူမှုရေးသဟဇာတဖြစ်မှုသည် အရေးကြီးသော အခြေခံအကြောင်းအရာဖြစ်ပြီး အမျိုးသားအဆင့် လူမှုသဟဇာတဖြစ်မှုမူဘောင် (NFSC) အား စတင်ရေးဆွဲလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement တွင် ကျား၊မ ရေးရာသဘောထားအမြင်များ ထည့်သွင်း ပေါင်းစည်းခဲ့ပြီး (၂၁) ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၂) မှာ ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေးကဏ္ဍအခြေခံမူ သဘောတူညီချက် တွင် ကျား၊ မဆိုင်ရာ သဘောတူညီချက် (၄) ချက် ပါဝင်ခဲ့ပါကြောင်း၊  ၂၀၁၈ ခုနှစ်တွင် ကျင်းပ ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးသမီးများပါဝင်မှုသည် (၁၇) ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ပါကြောင်း၊ COVID-19 ကာလ အတွင်းယာယီ Hot Line များထားရှိ၍         COVID-19  ၏ အကျိုးဆက်များအဖြစ် ထိတ်လန့် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှု ပျောက်ဆုံးခြင်း စသည့်စိတ်ခံစားမှုများအား စိတ်ဖိစီးမှုလျော့ကျစေ ရန်နှင့် စိတ်ပိုင်းဆိုင်ရာမြင့်တက်စေရန် ပြည်သူများအား စိတ်ဓါတ်ရေးရာမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် အာဆီယံငြိမ်း ချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူးအသစ် ဖြစ်သူ H.E Mr. I Gusti Agung Wesaka Paju အား မိတ်ဆက်ခြင်းနှင့် ကျား/မရေးရာ တန်းတူညီမျှမှုနှင့် သက်ဆိုင်သော စီမံချက်များတင်သွင်းရန်အတွက် ဆွေးနွေးခဲ့ပါသည်။  




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR