လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပေါင်မြို့နယ်၊ ​ဆားဖိုစုရပ်ကွက်၌ (၃-၆-၂၀၂၂) ရက် နေ့ (၁၀း၁၀) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့်  တစိတ်တပိုင်းပျက်စီးခဲ့သည့် လူနေ အိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,၀၀၀/-)၊ လူဦးရေ (၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာ ဖိုးငွေ(၁၀,၅၀၀/-)နှင့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၁၅၀,၅၀၀/-) ကျပ်တို့အား (၆-၆-၂၀၂၂)ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ပေါင်​မြို့​နယ်၊ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:       DDM

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR