၂၁ ဇန်နဝါရီ ၂၀၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ (၁၀မိုင်)ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာတွင် (၁၈-၁-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစိတ်တပိုင်း ပျက်စီး အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် (၇)ရက်စာဆန်ဖိုး ထောက်ပံ့ငွေ (၅၄,၆၀၀/-)ကျပ်၊ ဒဏ်ရာရလူနာ (၁)ဦးအတွက် (၅၀,၀၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၄,၆၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၀-၁-၂၀၂၁) ရက်နေ့၊ (၁၃:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ လည်းကောင်း၊

 

ကော့သောင်းမြို့နယ်၊ ချန်ဖန်းကျေးရွာအုပ်စုတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ လေပြင်းဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၆၃,၅၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၀-၁-၂၀၂၁) ရက်နေ့၊ (၁၅:ဝဝ)အချိန်တွင် ဘေးသင့်သူထံ သို့လည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။

Source: EOC

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR