၂၁ ဇန်နဝါရီ ၂၀၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ (၁၀မိုင်)ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာတွင် (၁၈-၁-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစိတ်တပိုင်း ပျက်စီး အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် (၇)ရက်စာဆန်ဖိုး ထောက်ပံ့ငွေ (၅၄,၆၀၀/-)ကျပ်၊ ဒဏ်ရာရလူနာ (၁)ဦးအတွက် (၅၀,၀၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၄,၆၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၀-၁-၂၀၂၁) ရက်နေ့၊ (၁၃:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ လည်းကောင်း၊

 

ကော့သောင်းမြို့နယ်၊ ချန်ဖန်းကျေးရွာအုပ်စုတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ လေပြင်းဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၆၃,၅၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၂၀-၁-၂၀၂၁) ရက်နေ့၊ (၁၅:ဝဝ)အချိန်တွင် ဘေးသင့်သူထံ သို့လည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။

Source: EOC

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR