ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်မှုသတင်း
၂၄ ဇန်နဝါရီ ၂၀၂၃
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း
(BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနား ကို (၂၄-၁-၂၀၂၃) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင်
သထုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ ဖိတ်ကြားထားသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၂၀)ဦးနှင့်
သင်တန်း သား/ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့်
အဆိုပါ သင်တန်းကို (၂၄-၁-၂၀၂၃)ရက်နေ့မှ(၂၆-၁-၂၀၂၃)ရက်နေ့အထိ (၃)ရက်တာ သင်တန်း
ပို့ချသွားပါ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: DDM