လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာ၀န်ရှိသူများသည် အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊
အောင်ချမ်းသာရပ်ကွက်တို့တွင် (၂၀-၅-၂၀၂၃)ရက်နေ့၊ (၁၈:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်
နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ လုံးဝပျက်စီး အိမ်ခြေ(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၅)လုံးတို့အတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄၅၀,၀ဝဝ/-)၊ ဘေးသင့်လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်
(၄၄၁၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၉၄၁၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ
တို့အား (၂၅-၅-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)နာရီတွင် စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: DDM