၁၅ ဇန်နဝါရီ ၂၀၂၁


ညောင်ဦးမြို့နယ် ပုဂံဘူတာအရှေ့ဘက်၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ သွပ်မိုး- ထရံကာ - မြေစိုက်အိမ် (၂)လုံး လောင်ကျွမ်းပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာ ဖိုး (၇) ရက်စာ (၂၁,၀၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၁,၀၀ဝ) ကျပ်နှင့် (၉၈,၇၂၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ် ရေးပစ္စည်း (၁၈) မျိုးပါ (၂) အိမ်ထာင်စာတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၁၅-၁-၂၀၂၁) ရက်နေ့ (၁၅:၀၀) အချိန်တွင် ဘေးသင့် ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့၍လည်းကောင်း၊



မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်ပြည်သူ (၆၁) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂၈,၁၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၂၈,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၂)စုစာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၄-၁-၂၀၂၁) ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊



ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရှမ်းမမဲလမ်း၊ မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦး အတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး ပါ(၁)စု၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက (၁၅-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၁:ဝဝ) အချိန် တွင် ဘေးသင့်သူ လက်ဝယ်အရောက် ထောက်ပံပေးခဲ့ပါသည်။


Source: EOC

 

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR