လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာ၊ ယုဇလမ်း၌ (၁၈-၅-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေး သင့်လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ)ကျပ်၊  ဆန်ရိက္ခာ(၇)ရက်စာဖိုး (၈,၄၀ဝ)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀ဝ)ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၉-၅-၂၀၂၂)ရက်နေ့၊ (၁၄:၃ဝ) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


 Source: DDM


နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR