မြောင်းမြမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်နှင့်မရမ်းကုန်းရပ်ကွက်များ၌ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
၀၄ ဩဂုတ် ၂၀၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့်
ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ
တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၄)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်နှင့်မရမ်းကုန်းရပ်ကွက်များ၌
မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊
ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
Source: DDM