စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၂၃.၁၂.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် သူ စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးပြောကြားဆွေးနွေးပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ ဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

MOS

DSW

DDM

DOR