ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေ​​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ ၂၅.၆.၂၀၂၄ ရက်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် Gender CEDAW နှင့် NSPAW အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပရာ ဝေါမြို့နယ်အမျိုးသမီးကော်မတီဝင်များနှင့် အမျိုးသမီးများအရေးကို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေသည့် တက်ရောက်သူ (၈၀)ဉီး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး၊ ပဲခူးတိုင်း လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက Gender CEDAW နှင့် NSPAW အကြောင်းကို အသိပညာပေးခဲ့ပြီး တက်ရောက်သူများက သိလိုသည်များ မေးမြန်းကာ ဆွေးနွေးပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR