မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို (၁၅-၃-၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူးက ကော်မတီဖွဲ့စည်းမှုအခြေအနေ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြို့နယ်အမျိုးသမီးကော်မတီများအတွက် Meeting SOP တို့ကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မော်လမြိုင်ခရိုင်၊ အမျိုးသမီးကော်မတီဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောခြင်း
ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR