မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို (၁.၁၀.၂၀၂၄) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြပါသည်။ ထို့နောက် ဘိုးဘွားများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ဘိုးဘွားများအား မွန်ပြည်နယ်အစိုးရအဖွဲ့ ပေးအပ်သည့်ငွေသား ၅၀၀၀ဝိ/-နှင့် ကျပ် ၄၈၀၀၀ တန်ဖိုးရှိ ဂါရဝလက်ဆောင်ပစ္စည်းများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးဝါးပစ္စည်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ Hygiene Kit များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျပ် ၃၀၀၀၀ဝိ/-တန်ဖိုးရှိ ဂါရဝလက်ဆောင်ပစ္စည်းများ၊ အလှူရှင်များမှ လှူဒါန်း‌ငွေများ အသီးသီးလှူဒါန်းကြပြီး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ 

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာမှအကြီးအကဲများ၊ မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာများမှကြီးကြပ်မှုကော်မတီဝင်များ၊ ကန်တော့ခံဘိုးဘွားများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမ၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ

MOS

DSW

DDM

DOR