မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မန္တလေးလူငယ်သင်တန်းကျောင်းတွင် လာရောက်ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၂၄-၆-၂၀၂၄ မှ ၂၃-၇-၂၀၂၄ ထိ)မှ သင်တန်းသား (၂၀)ဦးအနက် ထူးချွန်ကျောင်းသား(၉)ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေးနည်းသင်တန်း (၂၆-၈-၂၀၂၄ မှ ၆-၉-၂၀၂၄ ထိ)မှ သင်တန်းသား(၂၀)ဦးအနက် ထူးချွန်ကျောင်းသား(၅)ဦး၊ စုစုပေါင်း (၁၄)ဦးတို့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ (၂၃-၉-၂၀၂၄ ရက်မှ ၂၉-၉-၂၀၂၄ ရက်ထိ) ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လက်အောက်ရှိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၏ Electrician (Building) Level-1 အားအောင်မြင်ခဲ့ရာ သင်တန်းအောင်မြင်မှု အသိအမှတ်ပြုလက်မှတ်များအား (၂-၁-၂၀၂၅) ရက်တွင်ရရှိခဲ့သဖြင့် လက်မှတ်ပေးအပ်ပွဲအား မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ (၃-၁-၂၀၂၅)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား(၅၀)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR