၁၃.၃.၂၀၂၅ရက်ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်း၊ အထူးကုဆေးရုံကြီး၊ ကုတင်(၅၀၀) ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးဝန်းအတွင်းသို့ သွားရောက်၍ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တွင် စောင့်ရှောက်ထားသော (၄)မြွှာပူးက‌လေးများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မိဘများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ  ၁၀,၀၀,၀၀၀/- (ကျပ်တစ်ဆယ်သိန်းတိတိ)ကို ပေးအပ်ခဲ့ပါသည်။

(၄)မြွှာပူး မိန်းကလေး(၄)ဦးအား  ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ် ကျွဲထီးရိုးကျေးရွာနေ  ဦးကာဆင်+ ဒေါ်ဝင်းမာထွန်း တို့မှ ၆.၃.၂၀၂၅ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးများ၏ ဘဝလုံခြုံမှုရှိစေရေးအတွက် မိဘများ အလုပ်အကိုင်ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

‌လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ (၄)မြွှာပူးမွေးဖွားသော မိခင်နှင့်ကလေးဆု ထောက်ပံ့ပေးအပ်ခြင်း

MOS

DSW

DDM

DOR