အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ၈.၃.၂၀၂၅ ရက်နေ့၊ နံနက် ၀၉း၃၀ အချိန်တွင် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး ဦးဆောင်မှုဖြင့် ၇၁၊ ၇၂ လမ်းနှင့် ၂၆၊၂၇လမ်းကြားရှိ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်း‌ဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးလက်အောက်ရှိ အမျိုးသမီးကလေးသင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်သင်ပညာသင်ကျောင်းနှင့် ဧရိပ်မွန်အမျိုးသမီးပရဟိတဂေဟာမှ သမီးငယ်လေးများ၏အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဌာနငယ်/သင်တန်းကျောင်းများ၏  လက်မှုပညာပြခန်းများဖြင့်  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း

MOS

DSW

DDM

DOR