မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းမှုအစီအစဉ်အနေဖြင့် Mekong-U.S Partnership Women's Empowerment Policy Dialogue on Women, Peace and Security ဆွေးနွေးပွဲကို  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် virtual ဖြင့် ပါဝင် တက်ရောက်ခဲ့ပါသည်။


ဆွေးနွေးပွဲတွင် အမေရိကန်သံအမတ်ကြီး Ms. Kelley Currie က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘောဒီယားနိုင်ငံမှ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Mrs. Kheng Samvada ၊ လာအိုနိုင်ငံမှ စီမံကိန်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊  လာအိုအမျိုးသမီးများအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ Ms.Soukphaphone Panith ၊ ဗီယက်နမ်နိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးဦးစီးဌာန၊ ဗီယက်နမ်အမျိုးသမီးများအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Ms.Huong Tran နှင့် မြန်မာနိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးတို့က Women, Peace and Security နှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ Country Statement များအား အသီးသီးဖတ်ကြားခဲ့ကြပါသည်။ အဖွင့်မိန့်ခွန်းနှင့် Country Statement များတွင် Women, Peace and Security ဆိုင်ရာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းမှု အစီအစဉ်များကို ရှင်းလင်း ပြောကြားသွားပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement တွင် ကျား၊မရေးရာ သဘောထား အမြင်များ ထည့်သွင်းပေါင်းစည်းထားပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်စေရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ CEDAW နှင့် UNSCR 1325 တို့အပေါ် အခြေခံရေးဆွဲထားသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ကို အကောင်အထည်ဖော်ရာတွင် လည်း အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ National Framework on Social Cohesion ကို Stakeholder များ၏ နည်းပညာအကူအညီဖြင့် ရေးဆွဲလျက်ရှိပါကြောင်း၊ ကဏ္ဍစုံတွင် ကျား၊မရေးရာ ထည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းများအတွင်းရှိ လုပ်ငန်းယန္တရားများနှင့် စွမ်းဆောင် ရည်များ မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ လက်ရှိတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိ ကြောင်း၊ Gender Responsive Budgeting နှင့် Women Migrant Workers များနှင့်ပတ်သက်၍ ASEAN Project နှစ်ခု ဆောင်ရွက်ရန်ရှိပါကြောင်း၊ NSPAW Phase II ရေးဆွဲရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR