(၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက် (၁၁:၃၀)နာရီတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၀.၁၁.၂၀၂၃) ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သည့် “မျက်မမြင်လက်စမ်းစာ အရေး/အဖတ်(၃)လသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းအုပ်များနှင့် သင်တန်းသား (၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ မျက်မမြင်စာပေကို အရေး၊ အဖတ်ကျွမ်းကျင်တက်မြောက်စေရန်နှင့် ဆက်လက်သင်ကြားပေးနိုင်မည့် ဆရာ/ ဆရာမများ မွေးထုတ်ရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ မျက်မမြင်စာများကို သင်တန်းကာလ (၃) လအတွင်း အာရုံစူးစိုက်ကြိုးစားပြီး လေ့လာသင်ယူနိုင်လိမ့်မယ်လို မျှော်လင့်မိပါကြောင်း မျက်မမြင်စာပေ အရေး၊အဖတ်ကျွမ်းကျင်စွာ သင်ယူတက်မြောက်ပြီး မိမိတာဝန်ကျရာ မျက်မမြင်ကျောင်းအသီးသီးမှ ကလေးသူငယ်များကို နည်းစနစ်ကျကျ လေ့ကျင့်သင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR