လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်၊ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၂၇)ဦး၊ ဘိုကလေးမြို့နယ်၊ ဘိုးဘွားချမ်းမြေ့ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၂၇)ဦး စုစုပေါင်း (၅၄)ဦးတို့အား  ရွှေမျက်မှန်ပရဟိတဂေဟာအသင်းမှ မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်းများကို အခမဲ့ လာရောက် ပြုလုပ်ပေးခဲ့ပါသည်။ဘိုးဘွားများအတွက် မျက်မှန်ပြုလုပ်ပေးသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ ၊ ဘိုးကလေးမြို့နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသော ကျောင်းသားများအားအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား (မန္တလေးလူငယ်သင်တန်းကျောင်း)

MOS

DSW

DDM

DOR