ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများမှကလေးများအား မူကြိုကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို (၂၀.၉.၂၀၂၂)ရက်နေ့တွင် အမှတ်(၁)မူလတန်းကြိုကျောင်း၊ အလုံမူလတန်းကြိုကျောင်း၊ အမှတ်(၄)မူလတန်းကြိုကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအရေးပါမှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ကလေးတိုင်း ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာရပ်များကို လက်လှမ်းမီရရှိနိုင်ရေး လက်ဆင့်ကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး  မူလတန်းကြိုကျောင်းများမှ ကလေးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေမှ ထောက်ပံ့သည့် မူကြိုကျောင်းဝတ်စုံများအား ကလေးတစ်ဦးလျှင် (၂) စုံနှုန်းဖြင့် ကလေးတစ်ဦးချင်းသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း

MOS

DSW

DDM

DOR