လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အမျိုးသားအဆင့် လူမှုသဟဇာတ ဖြစ်မှု မူဘောင်(National Framework on Social Cohesion-NFSC)ရေးဆွဲရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၁၄.၁၂.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် Zoom Appalication အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ  NFSC ရေးဆွဲရေးနှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်လာခဲ့မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် Core Group ဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေ၊ Paung Sie Facility၊  Football United  တို့နှင့်ရှေ့ဆောင်ရွက် မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ NFSC ရေးဆွဲရေး ရှေ့လုပ်ငန်း စဉ်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး မွန်းလွဲ(၃:၃၀)နာရီအချိန်တွင် အစည်းအဝေးအားရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ NFSC Core Group အဖွဲ့ဝင် များ၊ Paung Sie Facility ၊  Football United ၊ Open Society Myanmar- OSM   တို့မှ ကိုယ်စားလှယ် များစုစုပေါင်း (၂၁)ဉီး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR