စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ အစည်းအဝေးကို (၂၉-၁၂-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ဥက္ကဌနှင့်   အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ဥက္ကဌ လူမှုရေးရာဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားခဲ့ရာ အမျိုးသမီးများအားလုံး နောက်တွင်မကျန်ခဲ့စေဘဲ အားလုံးပူးပေါင်းပြီး သာတူညီမျှသော၊ တန်းတူ ညီမျှသော အခွင့်အရေးများကို ကျား/ မ မရွေးခံစားခွင့်နိုင်ရန် ဖော်ဆောင်သွားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများကို အသီးသီးတင်ပြကြပြီး    ရှေ့လုပ်ငန်းစဉ်များကို  ချမှတ် ခဲ့ကြပါသည်။ 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်

MOS

DSW

DDM

DOR