စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ အစည်းအဝေးကို (၂၉-၁၂-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ဥက္ကဌနှင့်   အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ဥက္ကဌ လူမှုရေးရာဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားခဲ့ရာ အမျိုးသမီးများအားလုံး နောက်တွင်မကျန်ခဲ့စေဘဲ အားလုံးပူးပေါင်းပြီး သာတူညီမျှသော၊ တန်းတူ ညီမျှသော အခွင့်အရေးများကို ကျား/ မ မရွေးခံစားခွင့်နိုင်ရန် ဖော်ဆောင်သွားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများကို အသီးသီးတင်ပြကြပြီး    ရှေ့လုပ်ငန်းစဉ်များကို  ချမှတ် ခဲ့ကြပါသည်။ 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR